တက်ညီလက်ညီ
လျှောက်ခဲ့တဲ့လမ်းတွေက တစ်လှမ်းမှမကတော့တာ
ရပ်နေလိုက်ယုံနဲ့
ပုံဖော်ခြင်းကို ယိုယွင်းစေမှာလား...
မဟုတ်သေးဘူး...
တို့တွေတူတူ...
အစိမ်းရောင်ကိုဖြိုချ...
ရင်းနှီးစွာ တည်လာခဲ့တာ ...
သက္ကရာဇ်အသစ် နောက်တစ်နှစ်ကို ရောက်ခဲ့ပေါ့....
အသံတွေ အစုံပေးလို့
ငါတို့နေ့တွေ နွေးထွေးခဲ့....
အတူမဆုံနိုင်လဲ ...
ဘုံတစ်ခုလေးမှာ ပျော်မွေ့...
မရောက်နိုင်လဲ တို့တွေ မြင်နိုင်ခဲ့တယ်.....။
အခု..........
သွေ့ခြောက်နိုင်လွန်းတဲ့ ငါတို့ရင်ပြင်....
တစ်စုံတစ်ရာကို ပြန်လည်စိုက်ပျိုးကြစို့ရဲ့...
အသီးတွေ အပွင့်တွေ ဝေဆာခဲ့ပီးမှတော့
ငါတို့ဥယျာဉ်ဟာ ဆက်လက်သာယာနေဖို့ပဲလေ....
တွဲလက်တွေ ခိုင်ခိုင်ဆွဲလိုက်ပါ....
နယ်ခြားများရဲ့ ဆုံမှတ်မှာ...
ပင့်သက်ရှိုက်အားပြန်သွင်းလို့....
ငါတို့နေ့တွေ ပြန်လင်းပါစေတော့....
(သူငယ်ချင်းတို့ရေ.... တို့တွေ အတူတူ လက်တွဲပီး ဒီဖိုရမ်လေးကို ပြန်အသက်သွင်းကြပါစို့....
ဒီကဗျာလေးနဲ့ အားလုံးကို ပြန်ဖိတ်ခေါ်တယ်ဗျာ....
အခုလို ခြောက်သွေ့သွားတာကို မြင်ရတော့ ဟတ်ထိတယ်....
ကိုယ်စိုက်ထားတဲ့ ဥယျာဉ်လေး ညှိုးယော်သွားသလိုပဲ....
ပြန်လည် စိမ်းလန်း သာယာလာပါစေဗျာ...)
post by: စိုင်းမွန်း